“၂၀၂၆ ASEAN Hyundai Cup မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နဲ့ တစ်အုပ်စုတည်းကျနေတဲ့ မြန်မာအသင်း”
16 Jan
၂၀၂၆ ASEAN Hyundai Cup အုပ်စုရေးဆွဲပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဇန်နဝါရီလ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာအသင်းက အုပ်စု (B) မှာ ကျရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတွေနဲ့ ရင်ဆိုင် ကစားရပါမှာ ဖြစ်ပါတယ်။ အုပ်စု(A)မှာတော့ လက်ရှိချန်ပီယံ ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား အသင်းတို့နဲ့ ဇွန်လ ၂ ရက်နဲ့ ၉ ရက်မှာ ဘရူနိုင်းအသင်းနဲ့ တီမောအသင်းတို့ နှစ်ကျော့ယှဉ်ပြိုင်မှုမှ အနိုင်ရရှိတဲ့အသင်း က ခြေစစ်ပွဲအောင်မြင်ပြီး အုပ်စု(A)မှာ ပါဝင်မှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၂၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ မြန်မာအသင်းက အိမ်ကွင်းပွဲအဖြစ် မလေးရှားနဲ့ လာအို၊ အဝေးကွင်းပွဲအဖြစ် ဖိလစ်ပိုင်၊ ထိုင်းအသင်း တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ ယခင်ပုံစံအတိုင်း နှစ်ကျော့ကစားမှာ ဖြစ်ပါတယ်။ (NVS 008)