“ပြိုင်ပွဲစုံနိုင်ပွဲ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ဘာစီလိုနာအသင်း”

16 Jan

ဘာစီလိုနာအသင်းအနေနဲ့ နည်းပြ ဟန်ဆီဖလစ်ခ် လက်ထက်မှာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိထား ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ရေးဆင်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင် ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး စပိန် စူပါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် က အခုနိုင်ပွဲတွေက အရေးမကြီးကြောင်းနဲ့ ၎င်းက အချက်အလက်တွေကို စိတ်မဝင်စားပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၅-၀၆ ရာသီတုန်းက ၁၈ ပွဲဆက်တိုက် အနိုင်ရရှိတာဟာ အသင်းရဲ့သမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးဖြစ်ပြီး အခု ၁၁ ပွဲဆက် အနိုင်ရရှိခြင်းက ၂၀၁၄-၁၅ ရာသီက ဒုတိယနိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .