“မုဒုံမြို့ရှိ ကတုံးပေါ်ကျေးရွာ မီးဘေးသင့်ပြည်သူများကို တစ်အိမ်ထောင် ကျပ် ၄ သိန်းနှုန်းထောက်ပံ့လှူဒါန်း”
16 Jan
မွန်ပြည်နယ်၊ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို တစ်အိမ်ထောင် ကျပ် ၄ သိန်းနှုန်းနဲ့ ဇန်နဝါရီလ ၁၅ ရက်မှာ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ မီးဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရေးအတွက် မော်လမြိုင်မြို့ဒေသခံပရဟိတအဖွဲ့ ၇ ဖွဲ့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ၂ ရက်ကြာ စုပေါင်းအလှူခံခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ အခုလို လှူဒါန်းရာမှာ မုဒုံကတုံးပေါ်ကျေးရွာ မီးလောင်မှုဖြစ်စဉ်အတွင်း မီးသင့်ဆုံးရှုံးခဲ့ရတဲ့ ကတုံးပေါ်ကျေးရွာ စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းအတွက် ပြန်လည်ထူထောင်ရန် မတည်ငွေကျပ် သိန်း ၃၀ ကိုလည်း ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းက ကတုံးပေါ်ကျေးရွာမှာ စုစုပေါင်း အိမ်ခြေ ၅၇ လုံး မီးဘေးသင့်ခဲ့ရာ ကျေးရွာနေလူဦးရေ ၂၁၃ ဦး အိုးမဲအိမ်မဲ့ဖြစ်ခဲ့ပြီး လက်ရှိမှာ ကျေးရွာဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ်ရေးရုံးမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ယာယီခိုလှုံနေကြရကြောင်း သိရပါတယ်။ (NVS 004)