“အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားမည်”
16 Jan
ပညာရေးနှင့်ပတ်သက်၍ စံချိန်မီတဲ့ ကျောင်းများဖြစ်စေရေး အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင် ပေးသွားမယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အစိုးရကျောင်းများမှာ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူအများစုရဲ့ သားသမီးများကို ပညာသင် ကြားနေကြတဲ့အတွက် အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပညာသင်ကြားတဲ့ ဆရာ၊ ဆရာမများကိုလည်း အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမများဖြစ်စေရေး အလေးထား ဆောင်ရွက်သွားရမယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အခြေခံပညာအဆင့်နှင့် ပတ်သက်၍လည်း သင်ကြားရေးဆရာ၊ ဆရာမများ များစွာလိုအပ် နေသည်ကို သိရှိရပြီး သင်ကြားရေးဆရာ၊ ဆရာမများကို ဘွဲ့လွန်ဘွဲ့များပေးအပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ် တာကြောင့် ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)