“သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)တွင် MBA/ MPA/ MAR အွန်လိုင်းသင်တန်းများ ဖွင့်လှစ်မည်”

16 Jan

သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)မှာ စီးပွားရေးဆိုင်ရာ မဟာဘွဲ့သင်တန်းများကို အွန်လိုင်းနဲ့ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းများမှာ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း(MBA)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာမဟာဘွဲ့သင်တန်း (MPA)၊ အသုံးချသုတေသနပညာမဟာဘွဲ့သင်တန်း (MAR) တို့ဖြစ်ပါတယ်။ ၎င်းသင်တန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များမှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပါတယ်။ သင်တန်းကို တက်ရောက်မည့်သူများအနေနဲ့ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ တက္ကသိုလ် တစ်ခုခုမှာ အခြားသင်တန်းတက်ရောက်နေသူ ပါဝင်မှုမရှိဘဲ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ၊ သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ၊ အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် လိုအပ်သောနည်းပညာများကို ကောင်းစွာအသုံးချနိုင်သူ ဖြစ်ရပါမှာြဖစ်ပါတယ်။ သင်တန်းလျှောက်လွှာပုံစံများကို သမ၀ါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း)မှာ လူကိုယ်တိုင်ဖြစ်စေ (သို့) မိမိလျှောက်ထားလိုတဲ့ သင်တန်း၏ အွန်လိုင်းမှဖြစ်စေ ဇန်နဝါရီလ ၂၂ ရက်မှ စတင်ရယူပြီး ဧပြီလ ၃ ရက်အထိ နောက်ဆုံးလျှောက်ထားရမှာ ဖြစ်ပါတယ်။ ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်၊ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ စာရွက်စာတမ်း များမူရင်းကို Scan ဖတ်ထားသော မိတ္တူများကို Email (သို့) Viber နဲ့ ပေးပို့ရမှာဖြစ်ပါတယ်။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဧပြီလ ၈ ရက် (ဗုဒ္ဓဟူးနေ့)တွင် Online မှ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ (NVS 004)

16 Jan

ADVERTISE HERE .