“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ပိတ်ပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား”
16 Jan
ဇန်နဝါရီလ ၁၅ ရက်မှာ နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ မှာ ကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံဝောာ်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ ကွန်ရက်အလိုက် အဆိုတင်ပြချက်မှာ ပထမဆုရရှိခဲ့သော အဖွဲ့(၄) အစိမ်းရောင်အသင်းမှ အဆိုပြုချက်ကို ၁၀ မိနစ်ခန့် အကျဉ်းချုပ် တင်ပြမှုကို ကြည့်ရှုခဲ့ပါတယ်။ ဆက်လက်ပြီး အဖွဲ့(၄)ဖွဲ့မှ လူငယ်ကိုယ်စားလှယ် တစ်ယောက်စီက လူငယ် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏ လူငယ်ကြေညာစာတမ်းအား ဖတ်ကြားခဲ့ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က လူငယ် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ အထိ ၃ ရက်ကြာ ဦးစီးဆောင်ရွက်ခဲ့ကာ လူငယ်များနှင့်အတူ ငြိမ်းချမ်းရေးကို ဖော်ဆောင်သော ပထမဆုံးဖိုရမ်ဖြစ်ပါတယ်။ (NVS 004)