“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ မှာ ကဏ္ဍအလိုက် ဆုများချီးမြှင့်”

16 Jan

ဇန်နဝါရီလ ၁၅ ရက်မှာ နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ မှာကျင်းပပြုလုပ်လျက်ရှိသော လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ၏နောက်ဆုံးနေ့တွင် လူငယ်များကွန်ရက်အလိုက် အဆိုပြုချက်များအပေါ် လူငယ်အချင်းချင်း မဲပေးဆုံးဖြတ်ခဲ့ကာ တတ်သိပညာရှင်များမှသုံးသပ်၍ ဆုများအသီးသီး ချီးမြှင့်ခဲ့ပါတယ်။ ယခုလူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပခဲ့သော ၃ ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှ လူငယ်ကိုယ်စားလှယ်များက အဖွဲ့‌ ၄ ဖွဲ့နဲ့ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးအဖြေရှာ ဖော်ထုတ်ကာ ကွန်ရက် အလိုက် စီမံချက်အဆိုပြုချက်များ တင်ပြခဲ့ကြပါတယ်။ ၎င်းအဆိုပြုချက်များထဲမှ အဖွဲ့(၄) အစိမ်းရောင်အသင်းက ရမှတ် ၁၆၈ မှတ်ဖြင့် သတင်းအချက်အလက် နည်းပညာသက်ရောက်မှုများ(IT)၊ ဉာဏ်ရည်တုနည်းပညာ(AI) စနစ်ထူထောင်ရေး၊ ဆိုက်ဘာ(Cyber)၊ Online Security၊ လူမှုကွန်ရက်(Social Media)နှင့် ကွန်ရက်အဖွဲ့များ၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေးခေါင်းစဉ်ဖြင့် ပထမရရှိကာ၊ အဖွဲ့(၃) ခရမ်းရောင်အသင်းက ရမှတ် ၁၁၈ မှတ်ဖြင့် ဒုတိယ၊ ပူးတွဲတတိယအဖြစ် အဖွဲ့(၁) အပြာ အသင်းက ရမှတ် ၉၁ မှတ်နှင့် အဖွဲ့(၂) ပန်းရောင်အသင်းက ရမှတ် ၇၂ မှတ်နဲ့ အသီးသီးရရှိခဲ့ကြပါတယ်။ ပထမဆုနဲ့ ဒုတိယဆုရရှိခဲ့သောအဖွဲ့ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဆုချီးမြှင့်ကာ ပူးတွဲတတိယရရှိခဲ့သောအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဆုချီးမြှင့်ခဲ့ပါတယ်။ ၃ ရက်တာအတွင်း ပြုလုပ်ခဲ့တဲ့ ဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည့် ပညာရှင်များ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ဖိုရမ် Coordinator များနှင့် ဖိုရမ် Facilitator များအား ဆုများနှင့် ဂုဏ်ပြုဆုငွေများ ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

16 Jan

ADVERTISE HERE .