“ရီးရဲလ်အသင်းနှင့် ချိတ်ဆက်မှုမရှိဘူးလို့ဆိုတဲ့ ကလော့ပ်”

15 Jan

နည်းပြ အလွန်ဆိုနဲ့ လမ်းခွဲထားတဲ့ ရီးရဲလ်အသင်းဆီကနေ ဆက်သွယ်လာမှုတွေမရှိသလို နည်းပြအလွန်ဆို အထုတ်ခံရမှုက သူနဲ့ဘာမှမဆိုင်ဘူးလို့ လီဗာပူးလ်နည်းပြဟောင်း ကလော့ပ် က ဖြေရှင်းခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်နည်းပြအဖြစ်ကနေ ထွက်ခွာလာခဲ့တဲ့ ၂၀၂၄ နောက်ပိုင်း နည်းပြ အလုပ်ကနေ အနားယူနေသလို လက်ရှိမှာ ရက်ဘူးလ်(Redbull)ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဦးဆောင်သူ အဖြစ် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက နည်းပြ အလွန်ဆိုနဲ့ လမ်းခွဲလိုက်ပြီးနောက် အာဘီလိုအာ ကို ရာသီကုန်အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် နွေရာသီမှာ ကလော့ပ် က နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ကောလာဟလတွေက အမြဲတမ်းလိုလိုထွက်နေပြီး အခုလည်း ရီးရဲလ်အသင်းနဲ့ သတင်းတွေက သူနဲ့ဘာမှမဆိုင်ပါဘူးလို့ ကလော့ပ်က ဖြေကြားသွားပါတယ်။ အနာဂတ်မှာ နည်းပြကောင်းတစ်ယောက်ဖြစ်လာဖို့ ထင်ကြေးပေးခံခဲ့ရတဲ့ အလွန်ဆိုအနေနဲ့ အနာဂတ်မှာ ပိုကောင်းတဲ့နည်းပြအဖြစ်နဲ့ ပြန်လာနိုင်ပါစေလို့လည်း ကလော့ပ် က ဆုတောင်းပေးသွားခဲ့ပါတယ်။ (NVS 008)

15 Jan

ADVERTISE HERE .