“၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကို ဆုကြေးဒေါ်လာ ၁၀ သန်း ရရှိမည်”

15 Jan

လက်ရှိကျင်းပနေတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးအဖြစ် ဒေါ်လာ ၁၀ သန်းရရှိမှာဖြစ်ကြောင်း သိရပါတယ်။ အခုဆုကြေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာ ချီးမြှင့်ခဲ့တဲ့ဆုကြေးထက် ၄၃ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မော့ဆက်ပီ က ပြောကြားခဲ့ပါတယ်။ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ဆုကြေးငွေတွေ ဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ပြိုင်ပွဲတုန်းက ချန်ပီယံဆုရရှိတဲ့ အသင်းက ဒေါ်လာ ၅ သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံအသင်းက ဒေါ်လာ ၁၀ သန်းရရှိမှာဖြစ်သလို ဒုတိယ ရရှိတဲ့အသင်းက ဒေါ်လာ ၄ သန်း ရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်တဲ့နှစ်သင်းက ဒေါ်လာ ၂ ဒသမ ၅ သန်းစီ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

15 Jan

ADVERTISE HERE .