“၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ လိုင်လီနည်းပြ ယန်နေစီယို”

15 Jan

လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယို ဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါရွေးချယ်မှုကို နာမည်ကျော်ပြင်သစ်မဂ္ဂဇင်း(France Football)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲရလဒ် အရ ယန်နေစီယို က အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယန်နေစီယို က ရမှတ် ၅၃ မှတ်ရရှိခဲ့ပြီး ဆန်းဒါးလန်းနည်းပြ လီဘရစ် က ရမှတ် ၃၆ မှတ်နဲ့ ဒုတိယ အများဆုံးရရှိခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့် က ရမှတ် ၅ မှတ်သာရရှိတာကြောင့် အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယန်နေစီယို ဟာ ၂၀၂၄ နွေရာသီမှာမှ လိုင်လီအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်မှာ အဆင့်(၅)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

15 Jan

ADVERTISE HERE .