“အီဘရာဟီမိုဗစ်ရဲ့ သားကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ အေဂျက်စ်အသင်း”
15 Jan
အေဂျက်စ်အသင်းဟာ တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ရဲ့ သားဖြစ်သူ မက်ဆီမီလီယန် အီဘရာဟီမိုဗစ် ကို အေစီမီလန်အသင်းကနေ အငှားနဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမား မက်ဆီမီလီယန်အီဘရာဟီမိုဗစ် ကို အေဂျက်စ် အသင်းက အငှားစာချုပ်ပြည့်ပါက ယူရို ၃ ဒသမ ၅ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့လည်း သဘောတူညီမှုရရှိထားကြောင်း သိရပါတယ်။ အေစီမီလန်အသင်းက အနာဂတ်အပြောင်းအရွှေ့တွေကနေ အကျိုးအမြတ်ရရှိဖို့တော့ စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ (NVS 008)
15 Jan