“ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ကို အငှားစာချုပ်နဲ့ ဒုတိယအကြိမ်ခေါ်ယူခဲ့တဲ့ ဘာစီလိုနာအသင်း"
15 Jan
ဘာစီလိုနာအသင်းဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ကို အငှားစာချုပ်နဲ့ ဒုတိယအကြိမ် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ကန်ဆယ်လို ဟာ မန်စီးတီးအသင်းမှာရှိစဉ် ၂၀၂၃-၂၄ ရာသီတုန်းက ဘာစီလိုနာ အသင်းကို အငှားနဲ့လာရောက်ကစားခဲ့ဖူးပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ကန်ဆယ်လို က ဥရောပမှာ ပြန်လည် ပြောင်းရွှေ့ကစားဖို့စီစဉ်ချိန်မှာ အင်တာမီလန်အသင်းက အငှားခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘာစီလိုနာအသင်းနဲ့ ပြန်လည်လက်တွဲဖို့သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ကန်ဆယ်လိုကို အငှားခေါ်ယူခြင်းအတွက် ငှားရမ်းခပေးရခြင်းမရှိဘဲ အငှားခေါ်ယူတဲ့ ကာလအတွင်း ပေးချေရမယ့် လစာပမာဏကတော့ ယူရို ၄ သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ ကန်ဆယ်လို ဟာ ဘာစီလိုနာအသင်းမှာ ပထမတစ်ကြိမ်အငှားလာရောက်ကစားစဉ်က ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂ ကိုပဲ ပြန်လည် ဝတ်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)