“ဒေသတွင်းလုံခြုံရေးအတွက် ဒုံးပျံနှင့် ဒုံးကျည်ပေါင်းစပ်တပ်ဖွဲ့အသစ်တစ်ခု ဖွဲ့စည်းရန် အိန္ဒိယစီစဉ်”

15 Jan

အိန္ဒိယနိုင်ငံအနေဖြင့် ပြောင်းလဲလာသော ဒေသတွင်းလုံခြုံရေးအခြေအနေများကြောင့် ဒုံးပျံနှင့်ဒုံးကျည် စနစ်ပေါင်းစပ်ပါဝင်မည့် တပ်ဖွဲ့အသစ်တစ်ခုဖွဲ့စည်းရန် စီစဉ်နေကြောင်း အိန္ဒိယကြည်းတပ်ဦးစီးချုပ်က ပြောသည်။ အိမ်နီးချင်းတရုတ်နိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့တွင် အလားတူ သီးခြား တပ်ဖွဲ့များရှိနေခြင်းကြောင့် အိန္ဒိယအနေဖြင့်လည်း နိုင်ငံ၏ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အိန္ဒိယတပ်မတော်သည် ဒုံးပျံနှင့်ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမြောက်တပ်ဖွဲ့တို့ဖြင့် ခွဲခြားအသုံးပြုနေခြင်းဖြစ်သော်လည်း နောင်တွင် စုပေါင်းကွပ်ကဲမှုအောက်သို့ ထည့်သွင်း သွားမည်ဖြစ်သည်။ ထိုတပ်ဖွဲ့အသစ်တွင် ပြည်တွင်းထုတ် Pinaka ဒုံးပျံစနစ်၊ Pralay ဒုံးကျည်နှင့် BrahMos အသံထက်မြန် အနိမ့်ပျံဒုံးကျည်တို့ကို ပေါင်းစပ်အသုံးပြုမည်ဖြစ်ပြီး ရေရှည်တွင် အကွာအဝေး ကီလိုမီတာ ၃ဝဝ မှ ၄၅ဝ အထိ ပစ်ခတ်နိုင်သည့် လက်နက်များကိုပါ တပ်ဆင်သွားရန် စီစဉ်နေသည်။ ခေတ်သစ်စစ်ပွဲများတွင် ဒုံးပျံ နှင့်ဒုံးကျည်များက အချင်းချင်းအမှီသဟဲပြုနေပြီး ၎င်းတို့ကို ပေါင်းစပ်ခြင်းဖြင့် ထိရောက်သော တိုက်ခိုက်မှုပြုနိုင် မည်ဖြစ်သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

15 Jan

ADVERTISE HERE .