“တရုတ်ဈေးကွက်အတွင်း မြန်မာ့ဖရဲများ ဈေးကောင်းမရဖြစ်နေ”

15 Jan

တရုတ်ဈေးကွက်သို့ လာအိုနိုင်ငံထွက် ဖရဲများဝင်ရောက်မှုကြောင့် မြန်မာ့ဖရဲများ ဈေးကောင်းမရ ဖြစ်နေခြင်းဖြစ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရပါတယ်။ လာအိုနိုင်ငံထွက် ဖရဲများအဝင်များနေခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် ဈေးကောင်းမရဖြစ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးမရရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံသို့ ဖရဲတင်ပို့ရာမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ပိတ်ထားခြင်း ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလော့ဂိတ်မှတစ်ဆင့် တင်ပို့ရခြင်းဖြစ်ပါတယ်။ အဆိုပါလမ်းပိုင်းက လမ်းခရီး ကြန့်ကြာတဲ့အပြင် ရာသီဥတုကြောင့် တရုတ်ဈေးကွက်ရောက်ရှိချိန်တွင် အရည်အသွေးကျသွားကြောင်း ကုန်သည်များထံကနေ သိရပါတယ်။ (NVS 004)

15 Jan

ADVERTISE HERE .