“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ် တန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့”
15 Jan
မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကိုးလတာကာလ အတွင်း ငါးမက်ထရစ်တန် နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ကိုးလတာကာလအတွင်း ပုံမှန်ကုန်သွယ် မှုမှ ငါးမက်ထရစ်တန် ၁၁၃,၅၁၃ ဒသမ ၈၂၇ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇၇ ဒသမ ၅၅၁ သန်း ရရှိခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၁၄,၂၄၂ ဒသမ ၇၄ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁၀၁ ဒသမ ၃၆၈ သန်းရရှိတဲ့အတွက် စုစုပေါင်း ငါးမက်ထရစ်တန် ၂၂၇,၇၅၆ ဒသမ ၅၆၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၉၁၉ သန်းရရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ငါးအပါအဝင် အခြားရေထွက်ကုန်များတင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်ကိုးလတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ်တန် ၃၂၅,၇၁၉ ဒသမ ၁၂၉ တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကိုတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တိုက်ရိုက်တင်ပို့လျက် ရှိပါတယ်။ (NVS 004)