“ကမ္ဘာ့ရွှေစျေးနှင့်အတူ ပြည်တွင်းရွှေစျေး ဆက်လက်မြင့်တက်နေ”
15 Jan
ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းတွင် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ပြင်ပပေါက်စျေး ၉၈ သိန်း ၇ သောင်းကျပ်ဖြင့် စျေးဖွင့်ခဲ့ပါတယ်။ အဆိုပါစျေးနှုန်းဟာ ဇန်နဝါရီလဒုတိယအပတ်အတွင်း ပြည်တွင်းရွှေစျေးကွက်မှာ ကျပ်လေးသိန်းနီးပါး စျေးမြင့်တက်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဇန်နဝါရီလ ၁၄ ရက် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး (Market Rate)က သိပ်သည်းဆ ၁၉ ဒသမ ၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၆၀ သတ်မှတ်ကြောင်း ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ ပြည်တွင်းရွှေစျေးမြင့်တက်နေခြင်းက ကမ္ဘာ့ရွှေစျေးမြင့်တက်နေမှု နောက်ဆက် တွဲကြောင့်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေစျေးကလည်း ဆက်လက်မြင့်တက်နေပြီး တစ်အောင်စလျှင်ဒေါ်လာ ၄,၆၀၀ ထိရှိနေ ပါတယ်။ ပြီးခဲ့တဲ့ခြောက်လအတွင်း ပြည်တွင်းရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော် ရှိနေခဲ့ပါတယ်။ (NVS 004)