“နိုင်ငံတကာသို့ပေးထားတဲ့ကတိအတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မမှိတ်မသုန် ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြောကြား”
15 Jan
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာသို့ ပေးထားသည့်ကတိအတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုတဲ့ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၄ ရက်တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ် ချမှတ်ထားပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးပြဿနာက မြန်မာနိုင်ငံတစ်ခုတည်းနှင့် မြန်မာပြည်သူများ အပေါ်သာ သက်ရောက်မှုရှိခြင်းမဟုတ်ဘဲ နိုင်ငံတိုင်းရှိ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနေပြီး အခုလို လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်တဲ့ ပြဿနာအပေါ် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံရေး ဝါဒအစွဲများနှင့် ဆောင်ရွက် နေကြတဲ့ အချို့အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ ဆောင်ရွက်ချက်များကို စိတ်မကောင်းဖွယ် တွေ့မြင်နေကြရတဲ့ အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်လာပါက နိုင်ငံတကာကို ပေးအပ်ထားတဲ့ ကတိများအတိုင်း မမှိတ်မသုန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မူးယစ်ဆေးဝါးအမြောက်အမြားကို ဖမ်းဆီးရမိမှုနှင့် ဖျက်ဆီးဆောင်ရွက်မှုများကို ရှင်းလင်ပြောကြားခဲ့ပြီး ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ စခန်းငယ်များကိုသာ ဖမ်းဆီးရမိခဲ့ကာ အခုအခါဖမ်းဆီးရမိမှုဟာ အကြီးမားဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)