“ဩစတြေးလျအိုးပင်း ချန်ပီယံဆုယူရန် ရည်မှန်းထားတဲ့ အယ်ကာရက်ဇ်”
14 Jan
ကမ္ဘာ့အဆင့် (၁) စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က ချန်ပီယံဆုရယူဖို့ ရည်မှန်းချက်နဲ့ ဩစတြေးလျ အိုးပင်းကို လာရောက်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အယ်ကာရက်ဇ် ဟာ အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါက ဂရင်းစလမ်ပြိုင်ပွဲ ချန်ပီယံဆု ၄ ခုစလုံးကို ရယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ အယ်ကာရက်ဇ် ဟာ အခြားဂရင်းစလမ်ပြိုင်ပွဲ ၃ ခုဖြစ်တဲ့ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်ဒန်နဲ့ ယူအက်စ်အိုးပင်း ချန်ပီယံဆု တွေကို ရယူထားနိုင်ခဲ့ပေမယ့် ဩစတြေးလျအိုးပင်းမှာတော့ အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်အဆင့်ကိုသာ တက်ရောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မဲလ်ဘုန်းမြို့မှာကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အယ်ကာရက်ဇ် ရဲ့ ကစားသမားဘဝ ၇ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပြီး အသက် ၂၃ နှစ် မပြည့်ခင်မှာ ဒီလိုမျိုးစွမ်းဆောင်နိုင်တဲ့ ပထမဆုံးတင်းနစ်သမားလည်း ဖြစ်လာနိုင်ပါတယ်။ (NVS 008)