“ယာယီနည်းပြအဖြစ် ကာရစ် ကို ခန့်အပ်ကြောင်း ကြေညာခဲ့တဲ့ မန်ယူအသင်း”

14 Jan

မကြာသေးခင်ကမှ နည်းပြ အာမိုရင် ကို ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကို ရာသီကုန်အထိ ကိုင်တွယ်ရန် အတွက် မန်ယူကစားသမားဟောင်း မိုက်ကယ်ကာရစ် ကို ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ မန်ယူအသင်းကို ရာသီကုန်အထိ တာဝန်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ မိုက်ကယ်ကာရစ် ဟာ လက်ထောက် နည်းပြအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြဟောင်း စတိဗ်ဟော်လန် ကို ခေါ်ယူလိုက်ပါတယ်။ မန်ယူ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းပြအဖွဲ့ထဲမှာ စတိဗ်ဟော်လန်အပြင် ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်နဲ့ ထရာဗစ် ဘင်နီယွန်တို့ ပါဝင်လာကြမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ မန်ယူအသင်းဟာ ဇန်နဝါရီလ ၅ ရက်မှာ နည်းပြ အာမိုရင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ယူ- ၁၈ အသင်းနည်းပြ ဖလက်ချာ ကို လက်တလောပွဲစဉ်တွေကိုင်တွယ်ဖို့ ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ကာရစ် ဟာ ၂၀၂၁ ခုနှစ်တုန်းက မန်ယူနည်းပြအဖြစ်ကနေ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် အသင်းယာယီနည်းပြအဖြစ် ၃ ပွဲတာဝန်ယူခဲ့ဖူးပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .