“ရီးရဲလ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အလွန်ဆို”
14 Jan
ရီးရဲလ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တာကြောင့် နည်းပြ အလွန်ဆို ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ရီးရဲလ်အရန်အသင်းနည်းပြ အာဘီလိုအာ ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက အလွန်ဆိုနဲ့ လမ်းခွဲကြောင်း ကြေညာအပြီး မိနစ်အနည်းငယ်အကြာမှာပဲ အာဘီလိုအာနဲ့ ချက်ချင်းအစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ထုတ်ပြန်ချက်မှာ နှစ်ဦးသဘောတူ လမ်းခွဲတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အလွန်ဆိုဟာ ရီးရဲလ်အသင်းနည်းပြအဖြစ် ခုနစ်လကျော်သာ ကိုင်တွယ်ခံခဲ့ရပါတယ်။ (NVS 008)
14 Jan