“ဂယ်လာဂါ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ စပါးအသင်း”

14 Jan

စပါးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါ ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ စပါးအသင်းအနေနဲ့ ဂယ်လာဂါ ကို အက်စတွန်ဗီလာအသင်းနဲ့အပြိုင် ကြိုးပမ်းခဲ့တာဖြစ်ပြီး လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီလာအသင်းက ဂယ်လာဂါ ကို ကနဦးအငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး ရာသီကုန်မှာ အမြဲတမ်းခေါ်ယူခွင့်ဖြင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဂယ်လာဂါ ဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရထားခဲ့ပြီလို့လည်း သိရပါတယ်။ စပါးအသင်း ဟာ ကွင်းလယ်လူ ဘန်တန်ကာ တံကောက်ကြောဒဏ်ရာနဲ့ အနည်းဆုံး သုံးလလောက်နားရမှာဖြစ်လို့ ကွင်းလယ်ကို အားဖြည့်ရန် ဂယ်လာဂါ ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .