“FA ဖလားစတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်အသင်းအချင်းချင်းတွေ့ဆုံမှု နှစ်ပွဲသာရှိ”

14 Jan

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး ပရီးမီးယားလိဂ်အသင်း အချင်းချင်းတွေ့ဆုံမှု နှစ်ပွဲသာ ပါဝင်ခဲ့ပါတယ်။ စတုတ္ထအဆင့်ပွဲစဉ် ၁၆ ပွဲမှာ ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ လီဗာပူးလ်-ဘရိုက်တန်၊ အက်စတွန် ဗီလာ-နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်တယ်။ မန်ယူအသင်းကို ကျော်ဖြတ်လာတဲ့ ဘရိုက်တန်နဲ့ စပါးကို ကျော်ဖြတ်လာတဲ့ အက်စတွန်ဗီလာတို့ ထပ်မံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပဲလေ့စ် ကို အနိုင်ယူခဲ့တဲ့ Non-League ကလပ် မက်ကယ်စဖီးလ်ကတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီးအသင်းတွေ က အောက်တန်းလိဂ်မှ အသင်းတွေနဲ့သာ တွေ့ဆုံနေပါတယ်။ ဒီပွဲစဉ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၁၆ ရက် အတွင်း ကစားရမှာဖြစ်ပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .