“အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား တရုတ်နိုင်ငံကန့်ကွက်"

14 Jan

နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက်ကန့်ကွက်ကြောင်းနှင့်နိုင်ငံတကာဆက်ဆံရေးတွင် အခြေခံစံနှုန်းများကို လေးစားလိုက်နာရန် လိုအပ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၃ ရက်တွင်ပြောသည်။ ထို့ပြင် နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမည်ဖြစ်ကြောင်း၊ မည်သို့သော အကြောင်းပြချက်ဖြင့်မဆို အခြားနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူဝါဒများကိုချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။ ဆက်လက်ပြီး ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် တန်းတူညီမျှမှုရှိသော နိုင်ငံတကာဆက်ဆံရေးကို သာ အမြဲတမ်းလိုလားပြီး အင်အားကြီးနိုင်ငံများအနေနဲ့ အင်အားနည်းသောနိုင်ငံတွေအပေါ် ဖိအားပေးတာ သို့မဟုတ် ပြည်တွင်းရေးများတွင် ဝင်ရောက်ခြယ်လှယ်တာတွေကို ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြော သည်။ အလားတူ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းရန် အသင့်ရှိနေကြောင်း ၎င်းကပြောသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

14 Jan

ADVERTISE HERE .