“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစေရန် တရုတ်နှင့်အိန္ဒိယတို့ စစ်ရေးယုံကြည်မှုပြန်လည်တည်ဆောက်နေဟု ဆို”
14 Jan
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် နှစ်နိုင်ငံနယ်စပ်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုပြီး နှစ်နိုင်ငံစစ်ဘက်များအကြား ဖြစ်ပေါ်လျက်ရှိသော ယုံကြည်မှုအားနည်းချက်ကို ကုစားရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အိန္ဒိယကြည်းတပ်ဦးစီးချုပ်က ပြောသည်။ ကြည်းတပ်ဦးစီးချုပ်က ၎င်းတို့အနေနဲ့ တပ်မတော်နှစ်ရပ် ကြား ယုံကြည်မှုတိုးလာအောင်ကြိုးစားကြောင်း သတင်းထောက်များကိုပြောသည်။ ထို့ပြင် ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ဝန်ကြီးချုပ်အပါအဝင် ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာလည်း နယ်စပ်ဒေသကိုတည်ငြိမ်အောင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ် သည်ကို သိမြင်ကြကြောင်း ၎င်းကဆက်ပြောသည်။ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်းဖြစ်ပွားသည့် နယ်စပ်ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုးပမ်းအားထုတ်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၂၅ ခုနှစ်တွင် နှစ်နိုင်ငံစလုံး သည် ပဋိပက္ခဖြစ်ပွားရာနေရာများမှ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းရန်သဘောတူသည်။ ထို့နောက် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် ဩဂုတ်လတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သည်။ ၂ဝ၂၅ ခုနှစ်တွင် ဝန်ကြီးချုပ် မိုဒီ နှင့် သမ္မတ ရှီကျင့်ဖျင် တို့နှစ်ဦး တွေ့ဆုံပြီးနောက် ဆက်ဆံရေးပိုမိုနက်ရှိုင်းစေမည့် ခြေလှမ်းများ နောက်ဆက်တွဲပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရသိရသည်။