“တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ”
14 Jan
တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေတယ်လို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီလ ၁၃ ရက်က ကျင်းပတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံး ဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်း ပါက ဆိုးကျိုးများနှင့်သာ တွေ့ကြုံရမည်ကို သိထားရကြမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ကျေလည်အောင်ဖြေရှင်းကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်တက်နေဆဲဖြစ်ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေဆောင်ရွက်ရာမှာ ရှေ့ကိုမရောက် နိုင်ဘဲ အတားအဆီးတွေနဲ့သာ ရင်ဆိုင်နေကြရတယ်လို့ နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်နိုင်ရန် ပြည်သူများပါဝင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် လိုအပ်ကာ ယင်းသို့ ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကိုစိတ်ဝင်စားတဲ့ လူငယ်များအနေနဲ့ တစ်တပ်တစ်အား ကြိုးပမ်းပေးစေလိုကြောင်း နိုင်ငံတော်ယာယီသမ္မတက ဆက်လက် ပြောကြားခဲ့ပါတယ်။ (NVS 004)