“အိန္ဒိယနိုင်ငံ(ASI)အဖွဲ့က ငလျင်ဒဏ်ခံခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်လျက်ရှိ”

14 Jan

အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများနဲ့ Archaeological Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တို့ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ၇၃ ခုကို ကြံ့ခိုင်မှုထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အခုလိုပြင်ဆင်နေမှုတွေကို ၂၀၂၀ ပြည့်နှစ်မှစ၍ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ပထမအဆင့်အနေနဲ့ ပိုင်ခြားထားသောနယ်မြေ ၁၁ ခုတွင် လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ရှေးဟောင်းအဆောက်အအုံ ၅၀ ကို အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင် ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက်အအုံ ၁၅ ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများကနေ သိရပါတယ်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ခံညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော တာဝန်ရှိသူများက (ASI)အဖွဲ့နှင့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ (NVS 004)

14 Jan

ADVERTISE HERE .