“OWIC ကိုင်ဆောင်ထားသူများ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ထွက်ခွာခွင့်ပြုမည်”

14 Jan

OWIC ကိုင်ဆောင်ထားသူများအနေနဲ့ ပြည်ပနိုင်ငံများသို့ထွက်ခွာပါက ဇန်နဝါရီလ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက် ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီအစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့နဲ့ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ် များမှ ပေးပို့တဲ့စာရင်းများအရ မိမိအစီအစဉ်နဲ့ ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများအနေနဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေခြင်းကို စိစစ်တွေ့ရှိရတယ်လို့ အသိပေးခဲ့ပါတယ်။ ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများ ပြည်ပပြန်လည်ထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ အနည်းဆုံးရုံးပိတ်ရက်(မပါ) ၅ ရက်ကြိုတင်လျှောက်ထားရမည်ဆိုသော သတ်မှတ်ချက်ကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ (NVS 004)

14 Jan

ADVERTISE HERE .