“OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေး”
13 Jan
OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနေနဲ့ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း ထပ်မံအသိပေးထားကြောင်း သိရပါတယ်။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ထွက်ခွာမည့် မိမိအစီအစဉ် ကျွမ်းကျင်မြန်မာလုပ်သားများအား အသိပေးခြင်း ကြေညာချက်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ခဲ့ပြီး အေဂျင်စီအစီအစဉ်ဖြင့် ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံအလိုက် စေလွှတ်ရေးလုပ်ငန်းစဉ် SOP များကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၈ ရက်အထိ ဝန်ကြီးဌာန၏ Facebook Page ၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင် အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်တွင် ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက် (မပါ) ၅ ရက် ကြိုတင်၍ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကြေညာချက်နှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်/ခွင့်ပြန်ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေး လျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပေးပို့လာသည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများက သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိသည့်အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေကြောင်း စိစစ်တွေ့ရှိခြင်းကြောင့် အခုလို ထပ်မံအသိပေးကြေညာခြင်းဖြစ်ပါတယ်။ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mol.gov.mmı Safe Migration Facebook Page & Safe Migration Telegram Channel တို့တွင် ကြေညာ ထားရှိပြီးဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)