ဂရင်းလန်းကို ‘တစ်နည်းနည်းဖြင့်’ အရယူမည်ဟု ထရမ့် ဆို
13 Jan
အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံ၏ ဂရင်းလန်းကျွန်းကို “တစ်နည်းနည်းဖြင့်” အရယူမည်ဟု အမေရိကန် နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က ဇန်နဝါရီလ ၁၁ ရက်၌ ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။ Air Force One လေယာဉ်ပေါ်တွင် ပြောကြားရာ၌ ထရမ့် က ၎င်းအနေဖြင့် အဆိုပါနယ်မြေကို ငှားရမ်းခြင်း သို့မဟုတ် ရေတိုသဘောတူညီချက်များကို စဉ်းစားနေခြင်းမဟုတ်ဘဲ “အရယူရန်” စဥ်းစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းက နေတိုးအဖွဲ့ကို ထိခိုက်စေမည်လောဟု မေးမြန်းရာတွင် ထရမ့် က “ဒါက နေတိုးအဖွဲ့ကို ထိခိုက် စေသလားဆိုရင်တော့ နေတိုးအဖွဲ့ကို ထိခိုက်စေပါတယ်၊ ဒါပေမဲ့လည်း ခင်ဗျားတို့ သိပါတယ်၊ သူတို့ကို ကျွန်တော်တို့ လိုအပ်တာထက် သူတို့က ကျွန်တော်တို့ကို အများကြီးပိုပြီးလိုအပ်တာလေ” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
13 Jan