“ဟက်ထရစ်သွင်းဂိုးကြောင့် ချီးကျူးမှုတွေ ပြန်လည်ရရှိခဲ့တဲ့ မာတင်နယ်လီ”
13 Jan
အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာတင်နယ်လီ ဟာ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် ချီးကျူးမှုတွေ ပြန်လည်ရရှိခဲ့ကြောင်း သိရပါတယ်။ မာတင်နယ်လီ ဟာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဘရက်ဒလေ ဒဏ်ရာရနေတာကို ကွင်းပြင်တွန်းပို့ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပွဲစဉ်မှာ မာတင်နယ်လီ က အာဆင်နယ်အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းကြံ့ခိုင်မာကျောသူအဖြစ် ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။ မာတင်နယ်လီ ဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂၄၉ ပွဲကစားကာ သွင်းဂိုး ၆၀ အထိသွင်းယူထားနိုင်ခဲ့ပေမယ့် ဟက်ထရစ်ဂိုးကိုတော့ အခုမှပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)