“ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အေဘရာဟမ် ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အက်စတွန်ဗီလာအသင်း”
13 Jan
အက်စတွန်ဗီလာအသင်းဟာ လက်ရှိအချိန်မှာ ဘက်ဆစ်တက်အသင်းကို ရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အေဘရာဟမ် ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ၂၀၁၈-၁၉ ရာသီတုန်းက လိဂ်ချန်ပီယံရှစ်မှာရှိနေစဉ် အေဘရာဟမ်ကို အငှားနဲ့ ခေါ်ယူခဲ့ဖူးပြီး အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ထပ်မံခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟမ် ဟာ ၂၀၂၁ ခုနှစ်မှာ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီမှာ ဘက်ဆစ်တက်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတာ ဖြစ်ပါတယ်။ အေဘရာဟမ်ဟာ တူရကီလိဂ်မှာလည်း ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၁၂ ဂိုးသွင်းယူထားတာကြောင့် အက်စတွန်ဗီလာအသင်းက လက်ကျန်ရာသီဝက် အတွက် အားဖြည့်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
13 Jan