“ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီ ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်း”

13 Jan

မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ အင်္ဂလန်နောက်ခံလူ ဂူဟီ ကို ခေါ်ယူဖို့ အရှိန်တိုးမြှင့် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂူဟီ ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဗာပူးလ်အသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်တဲ့ သူဖြစ်ပြီး ပဲလေ့စ်အသင်းအနေနဲ့ အစားထိုးဖို့ ကစားသမားကို အချိန်မီခေါ်ယူနိုင်ခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဂူဟီ ဟာ လာမယ့်နွေရာသီမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ လီဗာပူးလ်အသင်း က ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် ဂူဟီ ကို ရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ် တို့ကလည်း လာမယ့်နွေရာသီမှာ လီဗာပူးလ်နဲ့အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြတာကြောင့် မန်စီးတီးအသင်းကတော့ လက်ရှိဇန်နဝါရီစျေးကွက်မှာပဲ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိ နေပါတယ်။ (NVS 008)

13 Jan

ADVERTISE HERE .