“Friday Fights 139 ပြိုင်ပွဲမှာ ထိုင်းလူငယ်ဖိုက်တာ ဝိုရာပွန်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် စိုးလင်းဦး”
13 Jan
မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးလင်းဦး ဟာ ONE Championship မှာ ပွဲဝေးနေခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပေမယ့် အခုအခါမှာတော့ လာမယ့်ဇန်နဝါရီလ ၂၃ ရက်မှာ ကျင်းပမယ့် ONE Friday Fights 139 ပြိုင်ပွဲမှာ ထိုင်းလူငယ်ဖိုက်တာ ဝိုရာပွန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စိုးလင်းဦး ဟာ ONE Championship မှာ ၆ ပွဲထိုး၊ ၃ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။ စိုးလင်းဦး အနေနဲ့ နောက်ဆုံးထိုးသတ်ထားတဲ့ ၃ ပွဲဆက်တိုက်ကို အမှတ်နဲ့ရှုံးနိမ့်ထားပြီး နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ရုရှားဖိုက်တာ ဒီမီထရီ နဲ့ ပွဲစဉ်မှာလည်းအမှတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ ထိုးသတ်မယ့် ဝိုရာပွန် ဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး ONE Championship မှာ ၁၁ ပွဲထိုး၊ ၆ ပွဲနိုင်၊ ၅ ပွဲရှုံးနိမ့်ထားပါတယ်။ (NVS 008)
13 Jan