“ဗင်နီဇွဲလား၌ ရင်းနှီးမြှုပ်နှံရန် ထရမ့် ၏ တွန်းအားပေးမှု ရေနံကုမ္ပဏီကြီးများ စိတ်ဝင်စားနေ”

13 Jan

ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁ဝဝ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန် အမေရိကန်အစိုးရ၏ တွန်းအားပေးနေမှုကို ကမ္ဘာ့ရေနံကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဗင်နီဇွဲလားမှထွက်ရှိသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချရန် အသင့်ရှိ နေကြောင်းနှင့် ပြည်တွင်းရေနံကုမ္ပဏီများအနေဖြင့် အကြီးအကျယ်ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း တိုက်တွန်း ထားသည်။ ယင်းသို့ တွန်းအားပေးမှုနှင့်အတူ Shell နှင့် Chevron ကဲ့သို့သော ကုမ္ပဏီကြီးများကလည်း ဗင်နီဇွဲလား ၏ ရေနံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ပြီး လုပ်ငန်းများပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုထားသည်။ အမေရိကန်အထူးတပ်ဖွဲ့များ၏ စစ်ဆင်ရေးတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရို အဖမ်းခံရပြီးနောက် လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေသော်လည်း အမေရိကန်နိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် ဗင်နီဇွဲလားရှိ ရေနံလုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု Chevron က အတည်ပြုထားသည်။ ထိုအခြေအနေများ အပေါ် ရုရှားနိုင်ငံက ကန့်ကွက်ထားသော်လည်း အမေရိကန်ကမူ ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Jan

ADVERTISE HERE .