“အရှေ့အလယ်ပိုင်းဒေသတင်းမာနေချိန် အီရန်အပေါ် အမေရိကန်၏ခြိမ်းခြောက်မှုကို တရုတ်ပြင်းထန်စွာ တုံ့ပြန်”

13 Jan

အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတင်းမာမှုဖြစ်နေစဉ် အမေရိကန်အစိုးရ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပြင်းထန်စွာတုံ့ပြန်လိုက်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒပြပွဲကို တာဝန်ရှိသူများက အင်အားသုံးနှိမ်နင်းနေမှုအပေါ် ပြင်းထန်စွာ ဝေဖန်ပြီးနောက် စစ်ရေးအရတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်မှုပြုလုပ်ခြင်းဖြစ်သည်။ သမ္မတ ထရမ့် က အီရန်အနေဖြင့် ဆန္ဒပြသူများကို ဆက်လက်အကြမ်းဖက်နေမည်ဆိုပါက အမေရိကန် အနေဖြင့် လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ တုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဟု သတိပေးထားခြင်းဖြစ်သည်။ ထို့နောက်အမေရိကန်အစိုးရသည် အီရန်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာများအပါအဝင် ပစ်မှတ်ပေါင်း ၅၂ ခုကို ရွေးချယ်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားသည်။ ယင်းကဲ့သို့ အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုအပေါ် တရုတ်အစိုးရအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးဖြေရှင်းခြင်း သို့မဟုတ် အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်းများကို လက်မခံကြောင်းနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် တည်ငြိမ်မှုပျက်ပြားစေမည့်လုပ်ရပ်ကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ ထို့ပြင် ပြဿနာ များကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဖြင့်သာ ဖြေရှင်းရန်နှင့်အခြေအနေ ပိုမိုဆိုးရွားစေမည့် အပြုအမူများ ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို တိုက်တွန်းထားသည် ဟု SCMP သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

13 Jan

ADVERTISE HERE .