“ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်၀န်ဆောင်မှုလုပ်ငန်း နှစ်ခုအနေနဲ့ တိုင်ကြားခံရမှု အများဆုံးလုပ်ငန်းများ ဖြစ်နေ”
13 Jan
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ တစ်နှစ်တာကာလအတွင်း တိုင်ကြားခံရတဲ့လုပ်ငန်းများအနက် ၎င်းလုပ်ငန်း နှစ်ခုတို့မှာ အများဆုံးဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချပြီးနောက်၀န်ဆောင်မှုလုပ်ငန်း၊ အီလက်ထရောနစ် ကူးသန်းရောင်း၀ယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ဆောင်မှုလုပ်ငန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းဟူ၍ ဝန်ဆောင်မှုလုပ်ငန်းများရှိတဲ့အနက်မှ ၎င်းလုပ်ငန်း နှစ်ခုက တိုင်ကြားခံရမှုအများဆုံးဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်း၀န်ကြီးဌာနမှ စာရင်းများအရ ၂၀၂၅ ခု၊ တစ်နှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၂၈၅ မှုရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)