“အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်၍ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်လှစ်”

12 Jan

အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်၍ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Excellent Myanmar Advisory Group(Alpha)Company Limited တို့ပူးပေါင်း၍ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာ သက်သက်ဇင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး E.M.A.G (Alpha)Co.,Ltd.မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ဘုန်းမြင့် က သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ပါတယ်။ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ E.M.A.G (Alpha)Co.,Ltd.မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းကာလကို ၃ လ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

12 Jan

ADVERTISE HERE .