“၂ဝ၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်”

12 Jan

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ ဘာသာတွဲများဖြင့် တတိယနှစ် (Grade 12 အဆင့်) တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၈ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။ စာမေးပွဲဖြေဆိုရာတွင် မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်ဖြေဆိုပြီးနောက် မတ်လ ၁၅ ရက်(တနင်္ဂနွေနေ့) ရပ်နားကာ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ဖြေဆိုရမှာဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုချိန်အား နံနက် ၉ နာရီမှ ၁၂ နာရီအထိ သတ်မှတ်ထားရှိပါတယ်။ ၂ဝ၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းနည်းတူ သတ်မှတ်ထုတ်ပြန်ထားတာြဖစ်ပါတယ်။ လက်ရှိမှာ အလယ်တန်းပညာ အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေး ဝမ်းကျောင်း အတတ်ပညာများကို သင်ယူနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၈၉ ကျောင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းသား၊ ကျောင်းသူ ၁၃,၀၀၀ ကျော် တက်ရောက်နေလျက်ရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။ (NVS-004)

12 Jan

ADVERTISE HERE .