ကုန်ဈေးနှုန်းသတင်း ၁၂.၁.၂၀၂၆
12 Jan
ဇန်နဝါရီလ ၁၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူး ဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၇,၄၂၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၆,၅၈၉ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၄၀ ကျပ်ကနေ ၄,၄၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၈,၉၃၉ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၂၆၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၁၆,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာ ကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၇၅ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၇၅၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၄,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး(အသား) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၃,၂၀၀ ကျပ်ကနေ ၅,၂၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၄,၀၀၀ ကျပ်ကနေ ၂၃,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၁၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၅ ကျပ်၊ မန္တလေးမှာ ၂,၄၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၈၀ ကျပ်၊ မန္တလေးမှာ ၂,၄၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၁၃၅ ကျပ်၊ မန္တလေးမှာ ၂,၂၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၂၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၄၅ ကျပ်၊ မန္တလေးမှာ ၂,၆၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း ခြောက်ဆယ်ကျပ် (၆,၀၀၀,၀၀၀/-) ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၅၉၀,၀၀၀ိ/-) ကိုးဆယ် ငါးသိန်း ကိုးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။