မဟာမုနိရုပ်ရှင်တော် ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး ဆောင်ရွက်လျက်ရှိ

11 Jan

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများကို ‌ဆောင်ရွက်လျက်ရှိကြောင်း သိရ ပါတယ်။ အဆိုပါ မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်း က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေစင်သားအတိ မဟာမုနိရုပ်ပွားတော်မြတ်နှစ်ဆူ တည်ထားကိုးကွယ် အပူဇော်ခံထားရှိရန်နေရာ၊ မဟာမုနိရုပ်ရှင်တော် ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အတွက် မင်္ဂလာမဏ္ဍပ်တည်ဆောက်မည့်နေရာ၊ ဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဂန္ဓကုဋိတိုက်ရှိခုံးများ တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းများ အမြန်ဆုံးပြီးစီးရန် အလေးထားကာ စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန်တို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

11 Jan

ADVERTISE HERE .