နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိ

11 Jan

နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးရလျက်ရှိကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် မြို့မိမြို့ဖများအားတွေ့ဆုံ၍ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတက မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးရလျက်ရှိကြောင်း၊ ထို့ကြောင့် တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက်တွင် ဝယ်လိုအားရှိသည့် သီးနှံများကိုစိုက်ပျိုးသွားကြ ရန်လိုကြောင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးသည်ဟု သိရှိရပြီး ပေါ်ဆန်းမွှေးဆန်သည် တန်ဖိုးမြင့်သည့်အမျိုးအစားဖြစ်ကာ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း၊ ထို့ကြောင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)

11 Jan

ADVERTISE HERE .