ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး ဟာရီကိန်း ကို သက်တမ်းတိုးရန်ကြိုးပမ်း

10 Jan

ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်မှူး ဟာရီကိန်း ကို စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မက်အယ်ဘယ်လ် ကလည်း စာချုပ်သက်တမ်းတိုးမည့် ကိစ္စ အတွက် ဟာရီကိန်း နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟာရီကိန်း အနေနဲ့ ဘိုင်ယန်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေခြင်း ကြောင့် အသင်းတာဝန်ရှိသူများက စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ဟာရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂၁ ပွဲတွင် ၁၁၅ ဂိုးအထိ သွင်းယူပေးထားကြောင်း သိရပါတယ်။(NVS 008)

10 Jan

ADVERTISE HERE .