ချဲလ်ဆီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ဗီနီစီးယက်စ်ကို ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆက်လက်ဆွေးနွေးနေ

10 Jan

ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီးအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် တိုက်စစ် ကစားသမား ဗီနီစီးယက်စ် နှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း Fomob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ချဲလ်ဆီးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဗီနီစီးယက်စ် ကို မြင့်မားသည့် ပြောင်းရွှေ့ကြေး ယူရို ၁၃၅ သန်းဖြင့် ခေါ်ယူရန်ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရီးရဲလ် အသင်းက လက်မလွှတ်လိုတဲ့အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနှင့် ဗီနီစီးယက်စ် တို့ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အစပိုင်းကတည်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း သဘောတူညီမှုမရရှိသေးဘဲ လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေတဲ့အတွက် ကြန့်ကြာနေခြင်း ဖြစ်ပါတယ်။ ဗီနီစီးယက်စ် ကို ချဲလ်ဆီးအသင်းအပြင် ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ်အသင်းများကလည်း မြင့်မားသည့် ပြောင်းရွှေ့ကြေး၊ လုပ်ခလစာများဖြင့် ခေါ်ယူရန်ပြင်ဆင်နေသဖြင့် ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆက်လက်ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

10 Jan

ADVERTISE HERE .