ဖီဖာက အဆင့်မြင့်လူကျွံပုံရိပ်များကို ဖန်တီးနိုင်ရန် ပြိုင်ပွဲဝင်ကစားသမားများ၏ AI 3D ပုံရိပ်များကို ရယူမည်

10 Jan

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဆင့်မြင့်လူကျွံပုံရိပ်များကို ဖန်တီးနိုင်ရန် ပြိုင်ပွဲဝင်ကစားသမားများ၏ AI 3D ပုံရိပ်များကို ရယူမည်ဖြစ်ကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဘောလုံးလောကတွင် လူကျွံဘောစည်းမျဉ်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိနေသဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က ၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လူကျွံဘောစည်းမျဉ်းနှင့်ပတ်သက်၍ အဆင့်မြှင့်တင်မှုများ လုပ်ဆောင် မှာဖြစ်ပြီး အဆင့်မြင့်လူကျွံပုံရိပ်နည်းပညာ အသုံးပြုနိုင်ရန် ပြိုင်ပွဲဝင်အသင်းများက ကစားသမား ၁,၂၄၈ ဦးကို ဒစ်ဂျစ်တယ်စကင်ဖတ်ကာ 3D ပုံရိပ်များရယူမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမားတစ်ဦးချင်းစီ၏ 3D ခန္ဓာကိုယ်အချိုးအစားအတိအကျကို သိရှိထားနိုင်မှာဖြစ်လို့ လူကျွံဘောသတ်မှတ်ရာတွင် တိကျစွာဖြင့် အလွယ်တကူ ဆုံးဖြတ်နိုင်ရန် အဆိုပါနည်းပညာကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် ဘောလုံးစည်းမျဉ်းများအတွက် VAR စနစ်ကို စမ်းသပ်အသုံးပြုနေသော်လည်း အငြင်းပွားဖွယ် ဖြစ်ရပ်များ ရှိနေတာကြောင့် ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူကျွံဘောသတ်မှတ်ရန် ကစားသမားများ၏ 3D ပုံရိပ် များကိုအသုံးပြုကာ တိကျစွာဆုံးဖြတ်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြီးခဲ့တဲ့ FIFA Intercontinental Cup ပြိုင်ပွဲတွင်လည်း အဆင့်မြင့် လူကျွံပုံရိပ်ဖမ်းနည်းပညာကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။(NVS 008)

10 Jan

ADVERTISE HERE .