“အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမီလိုနီ တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်”

10 Jan

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမီလိုနီ အနေနဲ့ ဇန်နဝါရီလ ၁၇ ရက်မှ ၁၉ ရက်ထိ တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ အီတလီ ဝန်ကြီးချုပ် မီလိုနီ သည် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် ၏ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ တောင်ကိုရီးယားခရီးစဉ်အတွင်း အီတလီဝန်ကြီးချုပ် မီလိုနီ သည် တောင် ကိုရီးယားသမ္မတ လီဂျေးမြောင် နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ် ပြန်ထားသည်။ အီတလီဝန်ကြီးချုပ် မီလိုနီ ၏ အဆိုပါခရီးစဉ်သည် ၁၉ နှစ်တာကာလအတွင်း အီတလီခေါင်းဆောင် တစ်ဦး၏ ပထမဆုံးတောင်ကိုရီးယားခရီးစဉ်ဖြစ်သည်။ အီတလီဝန်ကြီးချုပ် မီလိုနီ အနေဖြင့် ဇန်နဝါရီလ ၁၉ ရက်တွင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် နှင့်တွေ့ဆုံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနယ်ပယ် များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။ အီတလီနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံအတွက် စတုတ္ထအကြီးမားဆုံး ဥရောပကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Jan

ADVERTISE HERE .