ကုန်ဈေးနှုန်းသတင်း (၉.၁.၂၀၂၆)
09 Jan
ဇန်နဝါရီလ ၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးတွေ ဈေးအပြောင်းအလဲအနည်ရှိခဲ့ပြီး အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူး ဈေးတွေကတော့ ဈေးတည်ငြိမ်လျက်ရှိနေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၈,၀၇၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၇,၃၉၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၄၀ ကျပ်ကနေ ၄,၄၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၉၀,၀၃၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၂၆၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၇၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၇၅၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၃,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၅၀,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၀၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၁၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၅ ကျပ်၊ မန္တလေးမှာ ၂,၄၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၈၀ ကျပ်၊ မန္တလေးမှာ ၂,၄၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၁၃၅ ကျပ်၊ မန္တလေးမှာ ၂,၂၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၂၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၄၅ ကျပ်၊ မန္တလေးမှာ ၂,၆၆၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း ခြောက်ဆယ်ကျပ် (၆,၀၀၀,၀၀၀/-) ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၄၂၀,၀၀၀ိ/-) ကိုးဆယ် လေးသိန်း ၂သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။