“ပရီးမီးယားလိဂ် မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့တဲ့ အီဂေါ်သီယာဂို”
09 Jan
ဘရန့်ဖို့ဒ်အသင်းက ဆန်းဒါးလန်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး သီယာဂို ဟာ အခုရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးက ၁၆ ဂိုးရှိလာခဲ့ပြီး ပရီးမီးယားလိဂ် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ဘရာဇီးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဖာမီနို၊ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီ နဲ့ မန်ယူတိုက်စစ်မှူး ကူညာ တို့ဟာ အရင်က တစ်ရာသီသွင်းဂိုး ၁၅ ဂိုးစီနဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမားတွေ အဖြစ် ရပ်တည်ထားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီမှာ ဘရုဂျက်အသင်းကနေ ပေါင် သန်း ၃၀ နဲ့ရောက်လာခဲ့တဲ့ သီယာဂို ဟာ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတာဖြစ်ပြီး အခုရာသီမှာတော့ ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)