“အာဆင်နယ်အသင်းရဲ့ အမှတ်တံဆိပ်ကို သတိပြုမိခဲ့ခြင်းမရှိခဲ့ကြောင်း ဝန်ခံခဲ့တဲ့ စပါးနည်းပြ ဖရန့်ခ်”
09 Jan
ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် ကော်ဖီသောက်ခဲ့ရာမှာ စပါးအသင်းရဲ့ အခါးသီးဆုံး လန်ဒန် ပြိုင်ဘက် အာဆင်နယ်အသင်း အမှတ်တံဆိပ်ပါတဲ့ ကော်ဖီခွက်နဲ့ သောက်ခဲ့မှုကို သတိမထားမိဘူးလို့ စပါးနည်းပြ သောမတ်စ်ဖရန့်ခ် က ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဘုန်းမောက်အသင်းနဲ့ မတိုင်ခင်မှာ အာဆင်နယ်အသင်း အမှတ်တံဆိပ်ပါ ကော်ဖီခွက်ကို ကိုင်ထားတဲ့ စပါးနည်းပြ ဖရန့်ခ် ရဲ့ ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ဖရန့်ခ် အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းမောက်အသင်းကို စပါးအသင်းက ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေက ပိုမိုကျယ်လောင် လာခဲ့တာ ဖြစ်ပါတယ်။ ပွဲတစ်ပွဲမစခင်မှာ ကော်ဖီတစ်ခွက်သောက်လေ့ရှိတာက ပုံမှန်ဖြစ်ပြီး ဘုန်းမောက်အသင်းနဲ့ ပွဲမတိုင်ခင်မှာ ကော်ဖီတစ်ခွက်ပေးဖို့ အသင်းဝန်ထမ်းတစ်ယောက်ကိုမှာခဲ့ပြီး ပုံမှန်အတိုင်းသောက်ခဲ့တာဖြစ်တယ်လို့ နည်းပြ ဖရန့်ခ် က ပွဲအပြီးမှာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ၎င်းအနေနဲ့ တစ်ခြားအသင်းအမှတ်တံဆိပ်ပါတဲ့ခွက်ကို ကိုင်ထားမှုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့လည်း ဖရန့်ခ် က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)