“အန်းနရစ် မန်ယူအသင်းကို ရောက်ရှိလာနိုင်ကြောင်း သတင်းများထွက်ပေါ်”
09 Jan
PSG အသင်းရဲ့နည်းပြ အန်းနရစ် ဟာ အသင်းနဲ့ သက်တမ်းမတိုးတာကြောင့် လာမယ့်နွေရာသီမှာ မန်ယူ အသင်းကို ရောက်ရှိလာနိုင်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အန်းနရစ် ဟာ PSG အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိနေခဲ့လို့ လာမယ့်နွေရာသီမှာပဲ PSG က ထွက်ခွာတော့မယ်လို့ ဂျာမန်သတင်းစာက ရေးသားခဲ့ပါတယ်။ အန်းနရစ် ဟာ PSG အသင်းကို သမိုင်းဝင်အောင်ပွဲတွေ ရယူပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့ တာဝန်ရှိသူ တွေက တစ်သက်တာစာချုပ်နဲ့ သက်တမ်းတိုးဖို့စီစဉ်နေကြောင်း သတင်းထွက်နေပေမယ့် လက်ရှိအချိန်မှာတော့ လမ်းခွဲတော့မယ်လို့ ထင်ကြေးပေးလာကြတာဖြစ်ပါတယ်။ (NVS 008)
09 Jan