“ရုရှားအလံလွှင့် ရေနံတင်သင်္ဘောကို အမေရိကန်ကသိမ်းဆည်းမှု ရုရှားရှုတ်ချ”

09 Jan

ရုရှားအလံလွှင့်ထူထားသော Marinera ရေနံတင်သင်္ဘောကို အမေရိကန်စစ်ဘက်က သိမ်းဆည်းခဲ့ခြင်း သည် နိုင်ငံတကာပင်လယ်ရေကြောင်းဥပဒေအခြေခံမူများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် ယင်း လုပ်ရပ်ကို ရှုတ်ချကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန်သည်။ ပင်လယ်ပြင် အတွင်းသွားလာနေသော အရပ်ဘက်သင်္ဘောတစ်စင်းပေါ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်း၊ လက်တွေ့၌ သင်္ဘောကိုသိမ်းဆည်းခြင်းနှင့် သင်္ဘောသားများကို ဖမ်းဆီးထားခြင်းတို့သည် လွတ်လပ်စွာရေကြောင်းသွားလာခွင့်နှင့် နိုင်ငံတကာဥပဒေများကို ဆိုးရွားစွာဖောက်ဖျက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်အစိုးရအနေဖြင့် ရုရှား-အမေရိကန်ဆက်ဆံရေးကို ပိုမိုဆိုးရွားစေမည့် နိုင်ငံတကာ အကျပ် အတည်းများ ဖန်တီးရန်ပြင်ဆင်နေမှုအပေါ် စိုးရိမ်တုန်လှုပ်ကြောင်း ရုရှားအစိုးရကပြောသည်။ ထို့ပြင် Marinera သင်္ဘောနှင့်ပတ်သက်သည့် ယခုဖြစ်ရပ်သည် ဥရောပ-အတ္တလန္တိတ်ဒေသအတွင်း စစ်ရေးနှင့်နိုင်ငံရေးတင်းမာမှုများ ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အလေးအနက်သတိပေးထားသည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

09 Jan

ADVERTISE HERE .